ထျန်လှသူမုဆိုးမလေး အချိန်က ည ကိုးနာရီခွဲလုပြီ။ ရန်ကုန် မအူကုန်းရပ်ကွက်သည် နေ့လည်ဘက်တွင် လူစည်ကားသလောက် ညနက်လာလျှင် လူအသွား အလာက ပြတ်လာမြဲဖြစ်သည်။ သုံးဆယ့်လေးလမ်းထဲရှိ ‘ထွန်းတောက်’ ဆေးခန်းထဲတွင် ဒေါက်တာကိုလတ်တယောက်ထဲ စာထိုင်ဖတ်နေမိ၏။ မိုးဖွဲဖွဲရွာနေသည်မို့ ညရှစ်နာရီကျော်လောက်ကတည်းက ဆေးခန်းကို လူနာမလာတော့ … ကိုးနာရီခွဲ ဆေးခန်းပိတ်ချိန်အထိတော့ လူနာ မလာလည်း မပြန်သေးပဲ ဆက်ထိုင်နေတတ်သည်က ကိုလတ် အကျင့်ဖြစ်နေပြီ။ စောသေးလျှင် ကားလမ်းပေါ်တွင်ကားတွေက…