အစမို့ပါကွယ် လွန်ခဲ့သောနှစ်ပေါင်း ဆယ်နှစ်ခန့်က ကွဲကွာနေခဲ့ကြသော မျိုးလွင်နှင့်လီလီသန်းတို့သည် မမျှော်လင့်ပဲ စကော့ဈေးတွင်တွေ့ကြရာမှ.. “ ဟင် … ကိုမျိုးမဟုတ်လား” “ဟာ ….လီလီပါလား.. ဟုတ်ပါတယ်.. ကိုမျိုးပါ” တဦးနဲ့တဦးဖက်လှဲတကင်းနှုတ်ဆက်ကြလေသည်။ “ကိုမျိုးနဲ့လီလီအခုလို မမျှော်လင့်ပဲတွေ့ကြရတာ လီလီတော့တော်တော်ဝမ်းသာမိတယ် ကိုမျိုးရယ်” “ကိုမျိုးလဲလီလီ့လိုပါပဲ” “အခု ကိုမျိုးဘယ်မှာနေသလဲဟင်” “ကိုမျိုးအိမ်ထောင်ကျသွားပြီလေ.. လီလီရောအိမ်ထောင်ကျပြီလား”။ “လီလီကတော့ အသက်(၅၀)ကျော်အဖိုးကြီးတယောက်နဲ့ အိမ်ကအတင်းပေးစားတာနဲ့ မကြိုက်ပဲနဲ့ယူလိုက်ရတယ်လေ” အခုလိုကိုမျိုးနဲ့ပြန်တွေ့တော့ လီလီတို့အချစ်ပန်းတွေ ပြန်ပွင့်ပြီပေါ့ကိုမျိုးရယ်”…