အပျံ သင်စရွယ် (စ/ဆုံး) ကလင် ကလင် ကလင်…. စက်ဘီးဘဲလ်သံကြားလို့ ဒေါ်ကျော့ခိုင်ခေါင်းလေးမော့ကြည့်မိသည်။ “အန်တီရေ ဇွဲမာန်ရှိလား” “ရှိတယ် သမီးရေ အပေါ်ထပ်မှာ ပစ္စည်းတွေထည့်နေတယ် သားရေ အောက်ဆင်းခဲ့ဦး ဒီမှာ အေးမြလေး ရောက်နေတယ်” “ဟုတ် လာပြီ အမေရေ” အမေ့ကို အသံလှမ်းပြုရင်း စာအုပ်တချို့ကို သေတ္တာထဲထည့်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ “အေးမြ ထူးထူးဆန်းဆန်း ဘာလဲဟ” “နင်မနက်ဖန်ကျောင်းသွားတော့မှာလေ အဲ့ဒါငါ့ကို…